မြတ်စွာဘုရားရှင်၏ သင်္ကန်းအရောင်သတ်မှတ်ခဲ့ပုံ
သင်္ကန်းအရောင်နှင့် ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဘယ်အရောင်ဝတ်ရမယ်ဆိုသည်ကို အတိအကျ ဖေါ်ပြထားခြင်းမရှိပါ။ သို့သော် မဟာဝါ စီဝရက္ခန္ဓ၌ မအပ်စပ်သည့်သင်္ကန်းအရောင် ခြောက်မျိုးကို
ဘုရားရှင်က ပညတ်ထားခြင်းကို တွေ့ရပါသည်။ မဝတ်အပ်သည့် သင်္ကန်းအရောင် ခြောက်မျိုးမှာ
(၁)အလုံးစုံ ညိုမောင်းတဲ့အရောင်။
(၂) အဝါရောင်။
(၃) အနီရောင်။
(၄) မည်းနက်တဲ့အရောင်။
(၅) ကင်းခြေများကျောကုန်းအရောင်။
(၆) ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင်များဖြစ်ကြပါသည်။
တခုချင်းစီ နားလည်စေသည်မှာ
• ညို သည် ဆိုမှာ ဆံပင်နက်ညိုမဟုတ်ပါဘူး။ ကောင်းကင်အရောင်ပြာညိုမျိုးဖြစ်တယ်။ထိုကြောင့် သင်္ကန်းအပြာရောင် မဆိုးအပ်ပါ။
• အဝါရောင် ဆိုသည်မှာ ဝါရွှေတဲ့အရောင် ဖြစ်သည်။ ထို့ကြောင့် ဝါရွှေသည့် အရောင်လဲ မဆိုးအပ်ပါ။
• မောင်းတယ် ဆိုသည်မှာ အမဲ အပြာ အနီ သုံးရောင်စပ်ထားသည့် မဉ္ဇိဋ္ဌ အနီဖျော့ ပန်းရောင်ကိုခေါ်သည်။ ထို့ကြောင့် ပန်းရောင်လဲ မဆိုးအပ်ပါ။
• အနီရောင် ဆိုသည်မှာ နီလွန်းတဲ့အရောင်ဖြစ်သည်၊ လယ်ခေါင်ရမ်းပွင့်အရောင်နဲ့နှိုင်းပြထားပါသည်။ ယခုအခါ ကြက်သွေးအရောင်၊ ငါးရှဉ့်သွေးအရောင်များလို့ခေါ်နေကြတဲ့အရောင်များဖြစသည်။ ထိုအရောင်ကိုလည်း မဆိုးကောင်းပါ။
• နက်သောအရောင် ဆိုသည်မှာ ဆင်ပုတီးစေ့အဆင်းနဲ့နှိုင်းထားပါသည်။ ဆင်ပုတီးစေ့သည် မီးသွေးကဲ့သို့ မည်းနက်နေ သည့်အတွက် သင်္ကန်းကို မီးသွေးအရောင်လည်း မဆိုးသင့်ပါ။
• ကင်းခြေများရဲ့ ကျောကုန်း အရောင်ဖြစ်သည်။ ကင်းခြေများရဲ့ ကျောကုန်းအရောင် နဲ့စပ်၍ ပြောပါက မြန်မာပြည်တွင် ဒေသနဲ့ရာသီဥတု မတူညီမှုကြောင့် အရောင်များပြောင်းလဲသည်ကို တွေ့ရပါတယ်။ ဧရာဝတီဒေသမှာဖြစ်တဲ့ ကင်းခြေများနဲ့ အောက်ပြည် အောက်ရွာမှာ ဖြစ်သည့် ကင်းခြေများ၏ အရောင် မတူညီကြပါ။ ဧရာဝတီဘက်၌် ကင်းခြေများ၏ ကျောကုန်းအရောင်သည် အများအားဖြင့် မည်း(မဲ)နေသည်ကို တွေ့ရပါသည်။ အချို့ကင်းခြေများအရောင်က အစိမ်းဖက်ကို လုပြီး အစိမ်းပုပ်ရောင်မျိုး ဖြစ်ပါသည်။
(စာရေးသူ – ဦးကောဝီဒ မြိတ်)