ပရိက္ခရာ ( ၈ ) ပါး နှင့် လှူဒါန်းရသော အကျိုးများ


ပရိက္ခရာ ( ၈ ) ပါး 


၁။ ဒုကုဋ်နှစ်ထပ် သင်္ကန်းကြီး

၂။ ဧကသီအပေါ်ရုံ ( ကိုယ်ဝတ် ) သင်္ကန်း

၃။ သင်းပိုင် ( ခါးဝတ် ) သင်္ကန်း

၄။ ခါးပန်းကြိုး

၅။ သင်တုန်းဓား ( သို့မဟုတ် ) ပဲခွပ် 

၆။ သပိတ်

၇။ ရေစစ်

၈။ အပ်နှင့်အပ်ချည်


သင်္ကန်းလှူခြင်းအကျိုး ( ၈ ) မျိုး


၁။ အဆင်းလှခြင်း။

၂။ မြူအညစ်အကြေးကင်းခြင်း။

၃။ ကိုယ်ရောင်ကိုယ်ဝါရှိခြင်း။

၄။ တန်ခိုးအာနုဘော်ရှိခြင်း။

၅။ သိမ်မွေ့သောကိုယ်ရှိခြင်း။

၆။ ဖြူစင်သောအဝတ်ပုဆိုးရှိခြင်း။

၇။ရွှေသောအဝတ်ပုဆိုးရှိခြင်း။

၈။ နီသောအဝတ်ပုဆိုးရှိခြင်း။


ခါးပန်းကြိုးလှူခြင်းအကျိုးး ( ၆ )မျို


၁။ ဈာန်သမာပတ်တို့၌ မတုန်လှုပ်ခြင်း။

၂။ ဈာန်သမာပတ်တို့၌ အလေ့အကျက်များခြင်း။

၃။ သား၊ မြေး၊ ကျေးကျွန်၊ ပရိသတ်တို့ မကွဲပြားခြင်း။

၄။ သူတစ်ပါးတို့ ယုံကြည်လေးမြတ်ခြင်း။

၅။ အမှုခပ်သိမ်းတို့၌ မမေ့မလျော့သော သတိရှိခြင်း။

၆။ ထိပ်လန့်ခြင်းမှ ကင်းဝေးခြင်း။


သင်တုန်းဓါးလှူခြင်းအကျိုး ( ၅ ) မျိုး


၁။ အဆွေခင်ပွန်းကောင်းရခြင်း။

၂။ လုံ့လဝီရိယရှိခြင်း။

၃။ သည်းခံနိုင်ခြင်း။

၄။ မေတ္တာအားကြီးခြင်း။

၅။ ပညာရှိခြင်း။


သပိတ်လှူခြင်းအကျိုး ( ၁၀ )မျိုး


၁။ ရတနာမျိုးတို့ဖြင့်ပြီးသောခွက်ကို ရရှိခြင်း။

၂။ ဘေးဥပါဒ် မရှိခြင်း။

၃။ စိုးရိမ်ကြောင့်ကြမှု မရှိခြင်း။

၄။ သူတစ်ပါးတို့ ရိုသေခြင်း။

၅။ ထမင်း၊ အဖျော်၊ အိပ်ရာ၊ နေရာတို့ကို ရရှိခြင်း။

၆။ စည်းစိမ်ချမ်းသာ မပျောက်ပျက်ခြင်း။

၇။ တည်ကြည်သောစိတ် ရှိခြင်း။

၈။ တရားကို အလိုရှိခြင်း။

၉။ ကိလေသာအားနည်းခေါင်းပါးခြင်း။

၁၀။ အာသဝေါတရားကင်းခြင်း။


ရေစစ်ဓမ္မကလှူခြင်းအကျိုး ( ၅ ) မျိုး


၁။ သူတစ်ပါးထက်သာလွန်၍ အသက်ရှည်ခြင်း။

၂။ ခိုးသူ ရန်သူတို့ မနှိပ်စက်နိုင်ခြင်း။

၃။ လက်နက်မျိုးတို့ဖြင့် မနှိပ်စက်နိုင်ခြင်း။

၄။ အဆိပ်မျိုးတို့ဖြင့် မနှိပ်စက်နိုင်ခြင်း။

၅။ အသက်အပိုင်းအခြား မရောက်သမျှ မသေရခြင်း။


အပ်လှူခြင်းအကျိုး ( ၅ ) မျိုး


၁။ သူတစ်ပါးတို့ ရှိခိုးကော်ရော်မှုကို ခံယူရရှိခြင်း။

၂။ သူတစ်ပါးတို့၏ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။

၃။ အဆင်းလှခြင်း။

၄။ စည်းစိမ်ချမ်းသာရှိခြင်း။

၅။ မြတ်သောပညာရှိခြင်း။


Credit