Posts

မြင်းခင်းသဘင်

Image
မြင်းခင်းသဘင်သည်ကား ရှေးမြန်မာမင်းများလက်ထက်က ပြာသိုလတွင် ကျင်းပမြဲဖြစ်သော ရာသီပွဲတော်ဖြစ်၏။ ဤသဘင်ကိုမြင်ခင်းစက်သွင်းသဘင်တော်ပွဲ၊ သို့မဟုတ် မြင်းခင်းစက်ထိုးပွဲ ဟုလည်းခေါ်သည်။ ရှေးမြန်မာမင်းများ လက်ထက်တွင် စစ်ပွဲများ၌ ဆင်စီး၊ မြင်းစီးချင်း၊ စစ်ထိုးတတ်ကြကြောင်း ရာဇဝတ် ကျမ်းများ၌ လည်းကောင်း၊ အရေးတော်ပုံ ကျမ်းများ၌လည်းကောင်း ဆိုခဲ့ကြလေသည်။ ထိုအခါက မင်းနှင့်တကွ မင်းညီမင်းသား ဗိုလ်မှူးတပ်မှူးစသည် တို့သည် ဆင်စီး၊ မြင်းစီး၊ လေးမြား၊ လှံဓားအတတ်တို့ကို ပိုင်နိုင်စွာ ကျွမ်းကျင်ကြသည်ဟုဆိုသည်။ ကျွမ်းကျင်အောင် အလေ့အကျင့်၌ စိတ်ပျော်မွေ့ခြင်းရှိအောင် တစ်နှစ်တစ်ကြိမ် ပြာသိုလတွင် ပြိုင်ပွဲများ ကျင်းပ၍ မင်းမိဖုရားတို့က ခြီးမြှင့်တတ်ကြသည်မှာ အထင်အရှား ဖြစ်သည်။ မြင်းခင်းစက်သွင်းသည် ဆိုသည်မှာ မြင်းကို ကျင်လျင်စွာ အပြေးစီးယင်း ထူထားသော စက်တိုင်တွင် အဆင့်ဆင့်ရှိသော စက်ဝန်းများကို မှန်အောင် လှံလျင် ပစ်သွင်းသောသဘောပင် ဖြစ်တန်ရာသည်။ မင်းညီမင်းသား အမှူးအမတ်တို့သည် မျဉ်းမောက်တို စစ်ဝတ်တန်ဆာများ ဆင်ယင်လျက် မြင်းကြိုးကစုံပါရှိသော မြင်းကိုစီး၍ လှံလျင်ကိုပစ်ကြသည်။ လှံလျင်ကို လှံတိုဟူ၍လည်းခေါ်လေသည်။ လှံလျင်ပစ် လက်တည့်သ...

ပြာသိုလ

Image
ပ္လသိုဝ် (ပြာသို)လ ပ္လသိုဝ် (ပြာသို)သည် မြန်မာပြက္ခဒိန်၏ ဒသမမြောက်လ ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ ပြာသိုလတွင် ၃၀ ရက်ရှိသည်။ ရက်မစုံသောလ ဖြစ်သည်။ 'ပ္လ' ကို 'ပျ' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်ပါသည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ယနံ့ (ရနံ့) ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။ Credit: ဝီကီပီးဒီးယား

မသိုးသင်္ကန်း

Image
တန်ဆောင်မုန်းလတွင် မြတ်စွာဘုရားအား ရည်စူး၍ မသိုးသင်္ကန်း ကပ်လှူပွဲများ ကျင်းပကြသည်။ မသိုးသင်္ကန်းဆိုသည်မှာ နောက်တစ်နေ့သို့ကူးမသွားစေဘဲ အရုဏ်မတက်မီ နေ့ချင်းပြီး ပြုလုပ်လှူဒါန်းသော သင်္ကန်းကိုဆိုသည်။ ယင်းမသိုးသင်္ကန်းကား ကထိန်သင်္ကန်းကို အတုယူ၍ ပြုလုပ်ဟန်တူသည်။ အကြောင်းကား ကထိန်ခင်းရာ၌ ကထိန်ပြီးမြောက်ကြောင်း အင်္ဂါရပ်အများရှိရာ အသန္နိဓိကတေန၊ မသိုးသောသင်္ကန်းဖြင့်။ ကထိနံ၊ ကထိန်သည်။ အတ္ထတံ၊ အခင်းမည်သည်။ ဟောတိ၊ ဖြစ်၏ဟု မြတ်စွာဘုရား ပညတ်ချက်အရ မသိုးသောသင်္ကန်း ဆိုသည်မှာလည်း နောက်တစ်နေ့သို့ကူးမသွားစေဘဲ၊ အရုဏ်မတက်မီ နေ့ချင်းပြီးပြုလုပ် လှူဒါန်းသော သင်္ကန်းကို ဆိုသောကြောင့်ဖြစ်သည်။ ဝေါဟာရ သိုး၊ မသိုး၊ ဆိုရာ၌လည်း လောက၌ လူတို့စားသောက်သော အချို့အစာအာဟာရသည် ညဉ့်လွန်၍ နောက်တစ်နေ့သို့ကူးသွားလျှင် သိုးတတ်သည်ကို အစွဲပြု၍ မသိုးသော သဘောရှိသော သင်္ကန်းကိုလည်း နောက်တစ်နေ့သို့ကူးသွားလျှင် တင်စား၍ သိုးသည်။ နေ့ချင်းပြီး ဖြစ်လျှင် မသိုးဟု သုံးစွဲကြခြင်းဖြစ်သည်။ မသိုးသင်္ကန်းရက်လုပ်ခြင်း တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့နေဝင်သည်နှင့် တစ်ပြိုင်နက် လူအများကို ဖိတ်ကြား၍ ဝါစေ့ကို ကြဲပက်ကြရသည်။ ဤကဲ့သို့စတိကြဲပက်ပြီးလျှင...

မြတ်စွာဘုရားရှင်၏ သင်္ကန်းအရောင်သတ်မှတ်ခဲ့ပုံ

Image
သင်္ကန်းအရောင်နှင့် ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဘယ်အရောင်ဝတ်ရမယ်ဆိုသည်ကို အတိအကျ ဖေါ်ပြထားခြင်းမရှိပါ။ သို့သော် မဟာဝါ စီဝရက္ခန္ဓ၌ မအပ်စပ်သည့်သင်္ကန်းအရောင် ခြောက်မျိုးကို ဘုရားရှင်က ပညတ်ထားခြင်းကို တွေ့ရပါသည်။ မဝတ်အပ်သည့် သင်္ကန်းအရောင် ခြောက်မျိုးမှာ (၁)အလုံးစုံ ညိုမောင်းတဲ့အရောင်။ (၂) အဝါရောင်။ (၃) အနီရောင်။ (၄) မည်းနက်တဲ့အရောင်။ (၅) ကင်းခြေများကျောကုန်းအရောင်။ (၆) ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင်များဖြစ်ကြပါသည်။ တခုချင်းစီ နားလည်စေသည်မှာ • ညို သည် ဆိုမှာ ဆံပင်နက်ညိုမဟုတ်ပါဘူး။ ကောင်းကင်အရောင်ပြာညိုမျိုးဖြစ်တယ်။ထိုကြောင့် သင်္ကန်းအပြာရောင် မဆိုးအပ်ပါ။ • အဝါရောင် ဆိုသည်မှာ ဝါရွှေတဲ့အရောင် ဖြစ်သည်။ ထို့ကြောင့် ဝါရွှေသည့် အရောင်လဲ မဆိုးအပ်ပါ။ • မောင်းတယ် ဆိုသည်မှာ အမဲ အပြာ အနီ သုံးရောင်စပ်ထားသည့် မဉ္ဇိဋ္ဌ အနီဖျော့ ပန်းရောင်ကိုခေါ်သည်။ ထို့ကြောင့် ပန်းရောင်လဲ မဆိုးအပ်ပါ။ • အနီရောင် ဆိုသည်မှာ နီလွန်းတဲ့အရောင်ဖြစ်သည်၊ လယ်ခေါင်ရမ်းပွင့်အရောင်နဲ့နှိုင်းပြထားပါသည်။ ယခုအခါ ကြက်သွေးအရောင်၊ ငါးရှဉ့်သွေးအရောင်များလို့ခေါ်နေကြတဲ့အရောင်များဖြစသည်။ ထိုအရောင်ကိုလည်း မဆိုးကောင်းပါ။ • နက်သောအရောင်...

ပရိက္ခရာ ( ၈ ) ပါး နှင့် လှူဒါန်းရသော အကျိုးများ

Image
ပရိက္ခရာ ( ၈ ) ပါး  ၁။ ဒုကုဋ်နှစ်ထပ် သင်္ကန်းကြီး ၂။ ဧကသီအပေါ်ရုံ ( ကိုယ်ဝတ် ) သင်္ကန်း ၃။ သင်းပိုင် ( ခါးဝတ် ) သင်္ကန်း ၄။ ခါးပန်းကြိုး ၅။ သင်တုန်းဓား ( သို့မဟုတ် ) ပဲခွပ်  ၆။ သပိတ် ၇။ ရေစစ် ၈။ အပ်နှင့်အပ်ချည် သင်္ကန်းလှူခြင်းအကျိုး ( ၈ ) မျိုး ၁။ အဆင်းလှခြင်း။ ၂။ မြူအညစ်အကြေးကင်းခြင်း။ ၃။ ကိုယ်ရောင်ကိုယ်ဝါရှိခြင်း။ ၄။ တန်ခိုးအာနုဘော်ရှိခြင်း။ ၅။ သိမ်မွေ့သောကိုယ်ရှိခြင်း။ ၆။ ဖြူစင်သောအဝတ်ပုဆိုးရှိခြင်း။ ၇။ရွှေသောအဝတ်ပုဆိုးရှိခြင်း။ ၈။ နီသောအဝတ်ပုဆိုးရှိခြင်း။ ခါးပန်းကြိုးလှူခြင်းအကျိုးး ( ၆ )မျို း ၁။ ဈာန်သမာပတ်တို့၌ မတုန်လှုပ်ခြင်း။ ၂။ ဈာန်သမာပတ်တို့၌ အလေ့အကျက်များခြင်း။ ၃။ သား၊ မြေး၊ ကျေးကျွန်၊ ပရိသတ်တို့ မကွဲပြားခြင်း။ ၄။ သူတစ်ပါးတို့ ယုံကြည်လေးမြတ်ခြင်း။ ၅။ အမှုခပ်သိမ်းတို့၌ မမေ့မလျော့သော သတိရှိခြင်း။ ၆။ ထိပ်လန့်ခြင်းမှ ကင်းဝေးခြင်း။ သင်တုန်းဓါးလှူခြင်းအကျိုး ( ၅ ) မျိုး ၁။ အဆွေခင်ပွန်းကောင်းရခြင်း။ ၂။ လုံ့လဝီရိယရှိခြင်း။ ၃။ သည်းခံနိုင်ခြင်း။ ၄။ မေတ္တာအားကြီးခြင်း။ ၅။ ပညာရှိခြင်း။ သပိတ်လှူခြင်းအကျိုး ( ၁၀ )မျိုး ၁။ ရတနာမျိုးတို့ဖြင့်ပြီးသောခွက်ကို ရရှိခြင်း။ ၂။ ဘေးဥပါဒ် မ...

ပရိက္ခရာ ၈-ပါး

Image
ပရိက္ခရာ ဆိုသည်မှာ ရဟန်းတို့၏ အသုံးအဆောင်ကို ခေါ်သည်။ ရဟန်းတော်များ၏ ပရိက္ခရာမှာ ၈-ပါးရှိ၏။ ပရိက္ခရာ ၈-ပါး ၁။ ပတ္တ=  သပိတ် ၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း ၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း ၄။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး ၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး ၆။ ဝါသိက= ခေါင်ရိတ်ဓား ၇။ သူစိ= အပ် အပ်ချီ ၈။ ပရိသာဝန= ရေစစ် လင်္ကာ သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ် ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။ သင်္ကန်းသုံးရပ် ဆိုသည်မှာ ဧကသီ၊ သင်းပိုင်နှင့် ဒုကုဋ်လို့ခေါ်သော နှစ်ထပ်သင်္ကန်းကြီး။ (ဆရာတော် ဦးကောသလ္လ၏ တရားတစ်ပုဒ်ကနေ ထုတ်နုတ်ထားပါသည်။) သင်္ကန်း (၉) မျိုး ၁. သင်းပိုင် (ခါးဝတ်ရုံ) ၂. ဧကသီ (ကိုယ်ရုံ) ၃. ဒုကုဋ် (နှစ်ထပ် သင်္ကန်း) ၄. အိပ်ရာခင်း သင်္ကန်း ၅. မျက်နှာသုတ်ပုဝါ သင်္ကန်း ၆. ပရိက္ခရာစောဠ သင်္ကန်း (လက်သုတ်၊ ရေစစ်ပုဝါ) ၇. နိသီဒိုင် (နေကထိုင်၊ အခင်း) ၈. မိုးရေခံ သင်္ကန်း (မိုးရေချိုးသောအခါ ဝတ်ရသော သင်္ကန်း) ၉. အမာလွှမ်း သင်္ကန်း (အနာပေါက်သည့် အခါ အတွင်းခံ သင်္ကန်း) ဤသင်္ကန်း (၉) မျိုးတွင် သင်းပိုင်နှင့် ဧကသီ ကို ဒွိစုံ ဟုခေါ်သည်။ သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် ဤသုံးမျိုးကို တိစိဝရိတ် (သင်္ကန်း ၃ ထည်) ဟုခေါ်သည်။ အခြ...

လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ဆုပန်ရွယ်

Image
ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်အထိ တစ်လအတွင်း ကပ်လှူကြရသည်။ ကထိန်သည် ကထိနဟူသော ပါဠိစကားမှ ဆင်းသက်၍  ခိုင်ခံ့မြဲမြံသောကြောင့် ကထိန်ဟုခေါ်ကြောင်း ဖွင့်ဆိုထားပါသည်။ ကထိန်သင်္ကန်း ကပ်လှူရာတွင် ရဟန်းပုဂ္ဂိုလ် တစ်ပါးပါးကို ရည်စူးခြင်း မဟုတ်ဘဲ သံဃာဟူသော အစုအပေါင်းကို ရည်စူးလှူဒါန်းရခြင်း ဖြစ်ပေသည်။ ကထိန်ခင်းသည့် အစဉ်အလာသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ရှိခဲ့သော အစဉ်အလာတစ်ရပ်ဖြစ်သည်။ သံဃာအား လှူဒါန်းသော ကထိန်သင်္ကန်းကို သင်္ကန်းမရှိသည့်ရဟန်းအား ဦးစားပေး ရွေးချယ်လှူဒါန်းခြင်းလည်းဖြစ်ပေသည်။ ရဟန်းအားလုံးသင်္ကန်းများ ပြည့်စုံလျှင် ဝါအကြီးဆုံး မထေရ်ကို ပေးလှူရသည်။ သိမ်ဝင်၍ ဉတ်ကမ္မဝါဖတ်ပြီး ကထိန်ခံထိုက်သော ရဟန်းကို ပေးရသည့်အတွက် ကထိန်သင်္ကန်းကို ''ဉတ်သင်္ကန်း''ဟုခေါ်သည်။ မြန်မာတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသူများဖြစ်သည်နှင့်အညီ ရှေးက မိဘဘိုးဘွားများ လက်ဆင့်ကမ်းခဲ့သော ကထိန်သင်္ကန်း ဆက်ကပ်ခြင်းကို ယနေ့ခေတ်တွင် ဆက်လက်ပြုလုပ်လျက်ရှိသည်။ ယနေ့ဆိုလျှင် ကျောင်းများ၊ ရုံးများ၊ အဖွဲ့အစည်းများ စသည့်အစုအဝေးများက နှစ်စဉ်ကထိန်သင်္ကန်း ကပ်လှူပွဲ...

သင်္ကန်းအကြောင်း သိကောင်းစရာ

Image
စီဝရ (န) [စိ+ကွရ၊ ဒီဃပြု။ ဏွာဒိ။ ၁၅၄။ စိ+ဤဝရ၊ စီယတီတိ စီဝရံ။ ကစ္စည်း။ ၆၆၈။ ရူ။ ၆၇၈။ စီရ+ဝရ။ စီရတော ဝရံ စီဝရံ၊ ရ-ချေ ဝိ၊ ပိ၊ ဓာန်။ ၃၇၇။] သင်္ကန်း၊ ရဟန္တာပုဂ္ဂိုလ်တို့၏ တံခွန်အလံသဖွယ်ဖြစ်သော သင်္ကန်း၊ ရသေ့သင်္ကန်းထက် မြတ်သောသင်္ကန်း၊ သာသနာတော်သုံး သင်္ကန်း။ မူရင်းကြည့်ပါ။ တိပိ၊၇၊၄၈၂+၄၈၃+၄၈၄+၄၈၅+၄၈၆ သင်္ကန်းဟူသည် ရဟန်း သာမဏေတို့ ဝတ်ရုံသုံးဆောင်သည့် အဝတ်အထည် ဖြစ်သည်။ သင်္ကန်းစီမံရာ၌ ပျက်ခြင်း သုံးမျိုးနှင့် ပြည့်စုံစေရမည်။ (၁) အပိုင်းပိုင်း ဖြတ်ခြင်းအားဖြင့် တန်ဖိုးပျက်ခြင်း။ (၂) အပိုင်းပိုင်း အပြတ်ပြတ်တို့ကို ချုပ်စပ်ခြင်းအားဖြင့် (ကောင်းသော အတွေ့အထိ) နူးညံ့မှု ပျက်ခြင်း။ (၃) ချုပ်လုပ်မှု, ဆိုးရေဆိုးမှု, ကပ္ပဗိန္ဓုထိုးမှု စသည်ကို ပြုခြင်းအားဖြင့် အရောင်အဆင်း ပျက်ခြင်းတို့ ဖြစ်၏။ (ဝိ - ၊ ဋ္ဌ၊ ၁-၂၀၄) ယင်းသင်္ကန်းသည် ပံသုကူသင်္ကန်း (ပံသုကူလ စီဝရ) , လူတို့ လှူဒါန်းသောသင်္ကန်း (ဂဟပတိ စီဝရ) ဟူ၍ နှစ်မျိုး ရှိသည်။ ထိုတွင် ပဌမဗောဓိခေါ်သော မြတ်စွာဘုရား ဝါ ၂၀ အတွင်း၌ "ပံသုကူသင်္ကန်း" ကိုသာ အသုံးပြုတော် မူကြသည်။ (ပံသုကူလ = (၁) မြေ၌ စွန့်ပစ်ထားအပ်သော အဝတ်။ (၂) အရှင်မရှိသောပစ္စည်းဝတ္ထု။ (၃) ပ...

သင်္ကန်း စံနစ်တကျချုပ်ခြင်း

Image
အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့မှ ဒက္ခိဏဂိရိဇနပုဒ်သို့ ဒေသစာရီကြွချီတော်မူသည်။ လမ်းခရီးအကြားတွင် လေးထောင့် လယ်ကန်သင်းဖွဲ့သောအလျားမှလည်းကောင်း၊ အနံမှ လည်းကောင်း ရှည်စွာလယ်ကန်သင်းထုတ်ချင်းထွင်း၍ ခရီးလေးဆုံကဲ့သို့ လယ်ကန်သင်းဖွဲ့သောမဂဓ တိုင်းသားတို့၏ လယ်ကွင်းကိုမြင်တော်မူသည်။ ထိုအခါ မြတ်စွာဘုရားက အရှင်အာနန္ဒာအား လယ်ကွင်းပုံစံနည်းပေး ၍ချုပ်လုပ်စီရင် စေတော်မူသည်။ အရှင်အာနန္ဒာသည် မြတ်စွာဘုရား ခိုင်းစေတော်မူ ချက်အရ ရဟန်းများဝတ်ရုံ သုံးဆောင်ရန်အတွက်မြောင်းရှည်၊ မြောင်းတို၊ အိမ်ဝန်းကြီး၊ အိမ်ဝန်းငယ်၊ အလယ်ခေါင်၊ ခေါင်ရံ၊အနားပတ်တို့ကို ဖြတ်သင့်သည်ကိုဖြတ်၊ စပ်သင့်သည်ကို စပ်၍ စံနစ်တကျချုပ်လုပ်စီရင်လေသည်။ ထိုအချိန်မှစ၍ မြောင်း၊ အိမ်စသည်ဖြင့် ဖွဲ့ချုပ်သောသင်္ကန်းကို ရဟန်းတို့ဝတ်ရုံ သုံးဆောင်ကြသည်။ ရဟန်းတို့သည် စံနစ်တကျဖွဲ့ချုပ်သော သင်္ကန်းကို ဝတ်ရုံခွင့်ရပြီးသည့်နောက်ပိုင်း၌ အထည်အရေအတွက် ကန့်သတ်ချက်မရှိသေးသည်ဖြစ်ရကား ရရှိသမျှသင်္ကန်းများကို ဆောင်ကြ၊ ဝတ်ကြသည်။ သို့ဖြစ်၍ မြတ်စွာဘုရားသည် ဝေသာလီပြည် ဂေါတမကမည်သောစေတီ ပညောင်ပင် ၌ သီတင်းသုံး နေတော်မူစဉ် ချမ်းအေးသော ဆောင်းဥတု အခါဖြစ်သည့် တပို့တွဲ...

သင်္ကန်း

Image
ရဟန်းတို့ ဝတ်ရုံသုံးဆောင်ခြင်းငှာ အပ်သောသင်္ကန်းသည် အမျိုးအစားအား ဖြင့်ခြောက်မျိုးရှိသည်။ ယင်းတို့မှာ (၁)ခေါမခြည်ဖြင့်ရက်သောသင်္ကန်း၊ (၂)ဝါခြည်ဖြင့် ရက်သော သင်္ကန်း၊ (၃)ပိုးခြည်ဖြင့်ရက်သော သင်္ကန်း၊ (၄)လူမွေး၊သားရဲမွေးတို့မှတစ်ပါးကြွင်းသော သားမွေးတို့ဖြင့်ရက်သော သက္ကလတ်သင်္ကန်း၊ (၅)ပိုက်ဆန်လျှော်ဖြင့် ရက်သောသင်္ကန်း၊ (၆)ခေါမစသောခြည် ငါး မျိုးဖြင့် ရက်သောသင်္ကန်းတို့ဖြစ်သည်။ ထိုပြင် (၁)ဒုကူလဟုဆိုအပ်သောတစ်စုံတစ်ခုသော လျှော်အထူးဖြင့်ရက်သောဘွဲ့ဖြူသင်္ကန်း၊ (၂) ပဓုဏ္ဏတိုင်းဖြစ် ပိုးခြည်သင်္ကန်း၊ (၃)သောမာရတိုင်းဖြစ်ပိုးခြည်သင်္ကန်း၊ (၄)စိန့်တိုင်းဖြစ်ပိုးခြည် သင်္ကန်း၊ (၅)တန်ခိုးဖြင့်ပြီးသောသင်္ကန်း၊ (၆)နတ်လှူသောသင်္ကန်း၊ ဤခြောက်မျိုးသောသင်္ကန်း တို့သည်လည်းဖေါ်ပြခဲ့ပြီးသော ခေါမစသောသင်္ကန်းမျိုးအားလျော်သည်ဖြစ်သောကြောင့်ရဟန်းတို့ ဝတ်ရုံသုံးဆောင်ခြင်းငှာ အပ်သောသင်္ကန်းများဖြစ်ကြသည်။ ဖော်ပြခဲ့ပြီးသောသင်္ကန်း ၁၂ထည်အနက် ပထမ ခြောက်ထည်ကိုဇာတိ (အမျိုးအစား)သင်္ကန်း၊ ဒုတိယ ခြောက်ထည်ကို အနုလောမ (အလျော်)သင်္ကန်းဟုခေါ်ဆိုကြ သည်။ အနုလောမသင်္ကန်းခြောက်ထည်တွင် ဘွဲ့ဖြူသင်္ကန်းသည် ပိုက်ဆန်လျော်သင်္ကန်းအားလျော်...